Internet လုံခြုံရေးနဲ့ ဟက်ကာ

အင်တာနက် လုံခြုံရေးနှင့် ဟက်ကာ
====================
ဟက်ကာ(Hacker)ဟူ သည့်ဝေါဟာရကို ကွန်ပျူတာ ပညာရပ်နယ်ပယ်တွင် "who makes furniture with an
axe"ဟု အဓိပ္ပာယ်ဖွင့်ကြပါ သည်။ မြန်မာလို ဆိုရလျှင် "ပုဆိန်တစ်လက်တည်းနှင့်ပင် ပရိဘောဂ အသုံးအဆောင်များ
ကိုပြုလုပ်သူ"ဟု ပြောနိုင်ပါမည်။
ပစ္စည်းကိရိယာ မစုံမလင် နှင့်ပင် မိမိလိုရာကိုလုပ်နိုင်သော သူ၊ကိုယ့်လိုရာပန်းတိုင်သို့ လမ်း ထွင်သွားနိုင်သူတို့ကို
ညွှန်းဆို သော ဝေါဟာရဖြစ်ပါသည်။ ပညာရပ်တစ်ခုခုကို ထူးချွန်စွာတတ်မြောက်သူတို့ကိုလည်း ဟက်ကာဟု တင်စားခေါ်ဝေါ်
ကြပါသည်။ ကားပညာဆိုင်ရာ ဟက်ကာ၊ ဆေးဘက်ဆိုင်ရာ ဟက်ကာ၊ တံငါဟက်ကာ၊ စစ် ဘက်ဆိုင်ရာ ဟက်ကာစသည်
ဖြင့် ပညာရပ်နယ်ပယ်အသီးသီး တွင် ဟက်ကာများရှိကြပါသည်။ ဥပမာဆိုရသော် ဓားတစ်လက် ဖြင့်
ရန်သူအမျိုးမျိုးကိုရင်ဆိုင်တိုက်ခိုက်နိုင်သော ရမ်ဘိုကို တိုက်ခိုက်မှုဆိုင်ရာ ဟက်ကာဟု ခေါ်နိုင်ပါသည်။ ပစ္စည်းကိရိ
ယာမစုံမလင်ဖြင့်စည်ပိုင်းသံပြား မှ ကားဘော်ဒီဖြစ်စေနိုင်သော မြန်မာကား ဘော်ဒီဆရာများ ကိုလည်းကားပညာဆိုင်ရာ
ဟက် ကာများဟု ခေါ်နိုင်ပါသည်။
ထို့အတူပင်လျှင် ကွန်ပျူ တာ ပညာရပ်တွင် ဒိုးလိုမွှေရေလိုနှောက်နိုင်သူတို့ကို ကွန်ပျူ တာဟက်ကာများဟု ခေါ်ကြ
လေ၏။ ဟက်ကာဟူသော ဝေါ ဟာရ၏ မူရင်းအဓိပ္ပာယ်သည် အပြုသဘောကို ဆောင်ပါ သည်။ ကွန်ပျူတာပညာရပ် တိုး
တက်ထွန်းကားလာသည်မှာ ကွန်ပျူတာဟက်ကာများ ကြောင့် ပင်ဖြစ်၏။ အင်တာနက်ကြီး ပေါ်ပေါက်လာသည်မှာလည်း
ကွန်ပျူတာ ဟက်ကာများ ကြောင့်ပင်ဖြစ်၏။ ကွန်ပျူတာ မောင်းနှင်စနစ်အမျိုးမျိုး ပေါ် ပေါက်လာကြသည်မှာလည်း ကွန်ပျူတာဟက်ကာများကြောင့်ပင် ဖြစ်၏။ ကွန်ပျူတာဆော့ဖ်ဝဲ အမျိုးအမျိုးပေါ်ပေါက်လာကြသည်မှာလည်း ကွန်ပျူတာဟက်ကာများ ကြောင့်ပင်ဖြစ်လေ၏။
သို့ရာတွင် မည်သူတို့က မည်သည့်အချိန်က ဟက်ကာဟူ သည့် ဝေါဟာရကို တလွဲသုံးခဲ့ သည်မသိ
ယနေ့အခါတွင်မူ ကွန်ပျူတာဆိုင်ရာ နှောင့်ယှက် ဖျက်ဆီးသူတို့ကိုသာ ဟက်ကာ များဟုကမ္ဘာတစ်ဝန်းသတ် မှတ်
ခေါ်ဝေါ်နေကြပြီဖြစ်သည်။
မည်သို့ပင် သတ်မှတ်ခေါ် ဝေါ်နေကြသည်ဖြစ်စေကာမူ ယနေ့ခေတ်ဝယ် ကွန်ပျူတာ ဟက်ကာတို့သည် နယ်ပယ်
အသီးသီးတွင် မရှိမဖြစ်၊မပါမဖြစ် ဖြစ်နေလေပြီ။ကွန်ပျူတာ အသုံး ပြုသူ၊ အင်တာနက်အသုံးပြုများ တစ်ရှိန်ထိုး
တိုးတက်များပြားလာ ပြီး စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံ ရေးနယ်ပယ် အသီးသီးအပေါ် သြဇာညောင်းလာသည်နှင့်အမျှ
ကွန်ပျူတာဟက်ကာတို့ သည် လည်း အရေးပါသည်ထက်ပါ လာနေကြပြီဖြစ်၏။နိုင်ငံ အသီး သီးတွင်လည်းကွန်ပျူတာကျွမ်း
ကျင်သူများကို စုစည်း၍ သော် လည်းကောင်း၊ လေ့ကျင့် ပျိုး ထောင်၍လည်းကောင်း နိုင်ငံ တော်အဆင့် ကွန်ပျူတာဟက်
ကာ အဖွဲ့အစည်းများ ဖွဲ့စည်း လျက်ရှိကြသလို၊ ခံယူချက်တူရာ ချင်းစုစည်း၍ မိမိတို့သဘော ဆန္ဒအလျောက်ဖွဲ့စည်းထားကြ
သောကွန်ပျူတာဟက်ကာအုပ်စု များလည်းနေ့စဉ်နှင့်အမျှ တိုး တက်ပေါ်ပေါက်လျက်ရှိနေသည်။
နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ဟက်ကာ တို့သည် မပါမဖြစ်သဘော ဆောင်နေကြပြီး၊ ယင်းတို့၏
အစွမ်းအစများကိုအားကျသော လူငယ်အများအပြားပင်ရှိနေ ကြပြီဖြစ်ကာ ဟက်ကာတစ်ဦး ဖြစ်ချင်၍ ကွန်ပျူတာပညာ
ရပ်ကိုလေ့လာရခြင်းဖြစ်ပါ သည် ဟု ဆိုကြသူ လူငယ်များလည်း အများအပြားပင် ပေါ်ပေါက်နေ ကြပြီ။
ထို့အပြင် ဂျီမေးလ်စကား ဝှက်၊ ဖေ့စ်ဘုတ် စကားဝှက် လောက်မျှကို ဆော့ဖ်ဝဲများ သုံး၍ ရယူနိုင်သူတို့ကပင်လျှင်
မိမိကိုယ်မိမိ ဟက်ကာဟု ကင် ပွန်းတပ်ကာ ထိပါးနှောင့်ယှက်မှု များ၊ အကျပ်ကိုင်ချိမ်းခြောက်မှု များရှိနေကြပါသည်။ ကွန်ပျူ
တာအသုံးပြုသူ အများစုမှာ လည်း နည်းပညာဆိုင်ရာဗဟု သုတနည်းပါးကြသဖြင့် မိမိတို့ ၏ဂျီမေးလ်စကားဝှက်၊ ဖေ့စ်
ဘုတ်စကားဝှက်များ တစ်ပါးသူ လက်ပါသွားလျှင်ပင် ဟက်ကာ များလက်ချက်ဟု ယူဆကြောက် ရွံ့လျက်ရှိကြ၏။
အမှန်ဆိုရပါမူ ဂျီမေးလ် နှင့် ဖေ့စ်ဘုတ်တို့သည် လုံခြုံ ရေးစနစ် လွန်စွာကောင်းမွန်ပါ သည်။ စတင်ပေါ်ပေါက်ခါစ
ကအားနည်းချက်များရှိခဲ့သည့်တိုင်အောင် ယင်းအားနည်းချက် များကိုသိလျှင်သိချင်းလျှင်မြန် စွာပြုပြင်ဖာထေးခဲ့ကြသဖြင့်
ယနေ့အချိန်တွင် အထူးလုံခြုံ သော လူမှုကွန်ရက်များဖြစ် နေကြပါပြီ။သုံးစွဲသူတို့၏ သတိ လစ်ဟင်းမှုများကြောင့်သာ မိမိ
တို့၏ စကားဝှက်များ အခိုးခံကြ ရခြင်းဖြစ်၏။ သာမန်အားဖြင့် ဖောက်ထွင်းခိုးယူရန် မဖြစ်နိုင် သလောက်ပင်ရှိပါသည်။
ယင်းသို့အခိုးခံရမှုကို ကာ ကွယ်ရန်မှာ မိမိမသိကျွမ်းသော သူတို့ကို မိတ်ဆွေအဖြစ်လက် သင့်မခံရန်၊
မိမိမသိကျွမ်းသောသူတို့ထံမှပို့လာသည့် အီးမေးလ် များကိုမဖတ်ကြရန်၊ လိင်စိတ်နိုး ကြွစေသည့် အင်တာနက်ဝက်ဘ်
ဆိုက်များလင့်ခ်များကို မသွား ရောက်မိစေရန်၊ အင်တာနက် ဆိုင် များတွင်မိမိဂျီမေးလ်၊ ဖေ့စ် ဘုတ်တို့ကိုဝင်ရောက်အသုံးပြ
ပြီး တိုင်းမိမိ၏အကောင့်ကိုသေချာ စွာပြန် ထွက်ခဲ့ကြဖို့လိုပါသည်။
ကွန်ပျူတာဟက်ကာ များ လေ့လာကြသော Social Engineeringဟူသည့် ဘာသာရပ် တစ်ခုရှိပါသည်။ လူမှုဆက်ဆံ ရေးဆိုင်ရာ ဘာသာရပ်ဖြစ် သော်ငြား ယင်းကိုတလွဲသုံး၍ တစ်ဖက်လူကို ဖြည်းဖြည်းချင်း အယုံသွင်းကာ မိမိလိုချင်သော အချက်အလက်များကို နှိုက်ယူ သူများရှိကြပါသည်။ ထို့ကြောင့် မိမိအားအချိုသတ်၍ အသိအကျွမ်းဖွဲ့လာသော သူစိမ်းတို့ ကိုအထူးသတိထား၍ ပြန်လည် တုံ့ပြန်သင့်သည်။
မြန်မာနိုင်ငံတွင် အသုံး အများဆုံးဖြစ်ကြသော ဂျီမေးလ်၊ ဖေ့စ်ဘုတ်တို့အား လုံခြုံစွာ အသုံးပြုနိုင်ကြစေရန်လုပ်ထုံးလုပ် နည်းအလုံးစုံကို ယခုဆောင်းပါး တွင်အပြည့်အစုံထည့်သွင်းဖော် ပြရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် အင်တာနက်အသုံးပြုသူတိုင်းသိသင့်သည့်ဆောင်ရန် ရှောင် ရန်တို့ကို နားလည်ကျွမ်းကျင်သူ များထံ ချဉ်းကပ်လေ့လာသင့်ပါ သည်။နားလည်ကျွမ်းကျင် သူ တို့အနေဖြင့်လည်း အင်တာ နက်ကို လုံခြုံစိတ်ချစွာအသုံးပြု နည်းများကို မိမိတို့နီးစပ်ရာ အသိုင်းအဝန်းအလိုက် ပညာ ပေးပို့ချသင့်သည်ဟု ယူဆမိ ပါသည်။ အဖွဲ့အစည်းများ အနေဖြင့်လည်း နားလည်ကျွမ်း ကျင်သူတို့ အားဖိတ်ကြား၍ မိမိတို့အဖွဲ့ အစည်းဝင်များ ကွန်ပျူတာဆိုင်ရာ ဗဟုသုတနှံ့စပ်သိရှိစေရန် အလုပ်ရုံဆွေး နွေးပွဲများ၊ ရက်တိုသင်တန်းများ ပြုလုပ်ပေးသင့်ပါသည်။
သို့ဆိုလျှင်ဟက်ကာ အမည် ခံတို့၏အနှောင့်အယှက်များမှ ကင်း ဝေးမည်မှာမုချပင်ဖြစ်ပါသည်။
အမှန်မှာတော့ ဟက်ကာတို့ သည် ဖန်တီးတည်ဆောက်သူ များဖြစ်ပြီး၊ ဟက်ကာတို့ဖန်တီးတည်ဆောက်ထားသည်တို့ကို ဖျက်လိုဖျက်ဆီးလုပ်သူတို့မှာ ခရက်ကာ(Cracker)များသာ ဖြစ်ကြပါသည်။
 
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment