iOS နဲ့ Android စမတ်ဖုန်းတွေကို ကြိုးမဲ့ CCTV ကင်မရာအဖြစ် ဘယ်လိုအသုံးချမလဲ

တစ်လုံးသာပိုနေမယ်ဆိုရင် ကြိုးမဲ့ CCTV ကင်မရာအဖြစ် အသုံးချဖို့ စိတ်ကူးမိပါတယ်။ မိမိအိမ်ခြံဝိုင်း၊ မွေးထားတဲ့ တိရစ္ဆာန်ငယ်လေးတွေ၊ ကလေးငယ် သို့မဟုတ် အသက်ကြီး လူမမာတွေကို အနီးကပ်မကြည့်ရှုဖို့ အရေးတကြီးလိုအပ်မယ်ဆိုရင် အပိုရှိနေတဲ့ iOS သို့မဟုတ် Android စမတ်ဖုန်းကို Wireless Network Camera အဖြစ် အသုံးချလို့ ရပါတယ်။


iOS အသုံးပြုထားတဲ့ iPhone, iPod touch, iPad တွေကို Wireless Network camera အဖြစ်အသုံးပြုမယ် ဆိုရင်တော့ ပထမဦးဆုံး Apple App Store မှ Wireless Network camera app ကို Download ဆွဲယူရပါတယ်။ ပြီး image recording ကို enable လုပ်ထားရမှာဖြစ်ပါတယ်။ ကင်မရာမှ ကိုယ်လိုချင်တဲ့ ရုပ်ပုံအကွာအဝေးနဲ့ ဆိုဒ်ကို လိုသလို ချိန်ညှိယူလို့ ရပါတယ်။

ပြီးတော့ မိမိ လက်မှာထားရှိမဲ့ iOS device မှာတော့ yawcam ဆိုတဲ့ software ကို အရင်ဆုံးသွင်း ရမှာဖြစ်ပါတယ်။ ဒါကိုတော့ www.yawcam .com ဆိုတဲ့ ဝက်ဘ်ဆိုဒ်လေးမှ အခမဲ့ Download ဆွဲယူနိုင်ပါတယ်။ ဒါကတော့ စောင့်ကြည့်ကင်မရာကို Network ချိတ်ဆက်ပေးတဲ့ software ဖြစ်ပါတယ်။ ဒါကြောင့်မို့ iOS ကို CCTV ကင်မရာအဖြစ် သုံးမယ်ဆိုရင်တော့ Local Internet service ရှိရမှာဖြစ်ပါတယ်။ ပြီးရင် သင့်ရဲ့ iOS Device က http:// အနောက်မှာ ကင်မရာရဲ့ IP address ကိုရိုက်ထည့်ပေးရပါမယ်။ ယင်း IP address ကလည်း စောင့်ကြည့်ကင်မရာမှာ ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကိုကြည့်ပြီးတော့ အလွယ်တကူ ရိုက်ထည့် နိုင်ပါတယ်။ IP address ကတော့ မိမိ အသုံးပြုတဲ့ နေရာအလိုက် ကွာခြားမှုရှိပါတယ်။ ဒါတွေ ပြီးပြီဆိုရင်တော့ သင့်ဘယ်နေရာရောက် မိမိ အိမ်ကို ကိုင်ဆောင်ထားတဲ့ iOS device ကနေ စောင့်ကြပ်ကြည့် ရှုလို့ရပါပြီ။

Android စမတ်ဖုန်းတွေမှာလည်း သိပ်ကွာခြားချက်မရှိပါဘူး။ သူကတော့ အရင်ဆုံး www.market.android.com ကနေ Motion Dectector Pro ဆိုတဲ့ App လေးကို Download ဆွဲရမှာဖြစ် ပါတယ်။ ဒီစနစ်ကတော့ အင်မတန်လွယ်ကူပါတယ်။ App ကိုဖွင့်မယ် ပြီးတော့ ရိုက်ကူး၊ Record လုပ်တဲ့ image နဲ့ ဗီဒီယိုတွေကို မိမိ ပို့ဆောင်မဲ့ ဖုန်းရဲ့ နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ SMS စနစ်ကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ Android ကို Wireless Network Camera အဖြစ် အသုံးပြုမယ်ဆို ရင်တော့ ဖုန်းဘေလ် ကုန်ကျမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Motion တွေကို မိမိဖုန်းနဲ့ လိုသလိုချိန်ညှိယူ လို့ရပါတယ်။ Advance setting ထဲဝင်ပြီးတော့ အမျိုးမျိုးပြောင်းလဲယူနိုင်ပါတယ်။

ဒါဆိုရင် iOS နဲ့ Android စမတ်ဖုန်းတွေကို Wireless Network Camera အဖြစ် အသုံးပြုလို့ရပါပြီ။
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment