အားလုံး သိထားသင့်တဲ့ FACEBOOK အကောင့် လုံခြုံရေး

(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Questionပေးရန်ဖြစ်သည်။

Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security သို့ သွားပါ။

Security Question ဆိုတာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။

လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။

ဥပမာ - သင့်မိခင်၏ မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။

မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)


(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။


ထို သို့ မှမိမိအကောင့် Hack ခံရလျှင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။

အတက်နိုင်ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အသင့်တော်ဆုံးဖြစ်သည်။


(၃) Secure Browsing ကို On ထားပါ…ထိုသို့ မှ Https ဖြင့်သွား သည်ဖြစ်သောကြောင့် Data များကို ကြားဖြတ်ရယူခံရခြင်းမှ ကင်းလွတ်ပါမည်။


(၄) Login Notifications ကို လည်း On ပေးထားပါ။

မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

(ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)


(၅) Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

(အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)


(၆) Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။


(၇) IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။


(၈) Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။


(၉) မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။


(၁၀) Account Password ကို Dictionary ထဲတွင် ရှိသော စကားလုံးများမသုံးပါနှင့်။ !@#$% စသည့် စကားလုံးများ ကြားညှပ်၍သုံးပါ။


(၁၁) နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။ 

( MHPG )


ယောဟန်(နည်းပညာမှတ်စု){ ဒီမှာ } သွားလိုက်ပါ



နွေဦးစွယ်တော်{ ဒီမှာ } သွားလိုက်ပါ
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment