ဒေါ်အောင်ဆန်းစုကြည်၏ အသွင်အပြင်နှင့် သရုပ်ဖော်ထားသည့် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်း


ဒေါ်အောင်ဆန်းစုကြည်၏ အသွင်အပြင်နှင့် သရုပ်ဖော်ထားသည့် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်း

ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားပုံ၊ နေပုံထိုင်ပုံများဖြင့် ပုံဖော်ကာ ရိုက်ကူးထားသော ‘‘မျှော်လင့်ချက်တစ်စုံတစ်ရာ’’ သီချင်းသည် နိုင်ငံရေးသီချင်း မဟုတ်ဘဲ လေးစားမှုဖြင့် ပုံဖော်ထားသော သီချင်းသာဖြစ်ကြောင်း နီနီခင်ဇော်က ပြောသည်။

‘‘မျှော်လင့်ချက် တစ်စုံတစ် ရာ သီချင်းလေးက အမှားအယွင်း မခံတဲ့ သီချင်းလေးဖြစ်တဲ့အတွက် ရိုက်ကူးတာ မှားသွားရင် အပြစ် တင်ဝေဖန်မယ့်သူတွေအများကြီး ရှိပါတယ်။ အပြစ်တင်ဝေဖန်မယ့် နိုင်ငံရေးသမားတွေ အများကြီး ရှိပါတယ်။ ဒီသီချင်းက နိုင်ငံရေး သီချင်းလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားရဲ့ သီချင်းလည်း မဟုတ်ပါဘူး။ နီနီကြိုက်နှစ်သက် လို့ နီနီချစ်ခင်လေးစားရလို့ လေး စားမှုနဲ့ ရိုက်ကူးထားတဲ့ သီချင်း တစ်ပုဒ်သာ ဖြစ်ပါတယ်။ အမှား ပါရင် သည်းခံခွင့်လွှတ်ပေးဖို့အ တွက်လည်း ကြိုပြောထားလိုပါ တယ်’’ ဟု နီနီခင်ဇော်က ပြော သည်။

ထိုသီချင်းရိုက်ကူးရာတွင် အိမ်အဟောင်းတစ်ခု၌ ဆက်တင် တည်ဆောက်ပြီး ပစ္စည်းအ ဟောင်းများ ရှာဖွေဝယ်ယူ ဆင် ယင်ကာ အခန်းအတွင်းတွင် နီနီခင်ဇော်က ရင်ဖုံးအင်္ကျီနှင့် ပန်းတစ်ပွင့်ပန်ကာ စာဖတ်နေ သည့် ပုံစံမျိုးဖြင့် ဒါရိုက်တာမောင် မောင်သာမြင့်၏ အိုင်ဒီယာနှင့် ရိုက်ကူးထားခြင်း ဖြစ်သည်။

‘‘အရမ်းချစ်ရတဲ့ ပုဂ္ဂိုလ်တစ် ဦးကို မီအောင်ရိုက်တာလည်း မဟုတ်ပါဘူး။ တစ်သက်လုံးလည်းမမီပါဘူး။ စိတ်ဓာတ်ကိုလည်း မမီပါဘူး။ ဒီအတွက် နီနီ့ကို စိတ် ဓာတ်တက်ကြွဖို့ ဖျော်ဖြေရေးတစ် ခုအနေနဲ့ ကြည့်ပေးကြပါ။ တစ် ယောက်တည်း ဖြစ်နေပေမယ့်လည်း စိတ်ဓာတ်တက်ကြွတဲ့သူ နေရာက ကြိုးစားသရုပ်ဆောင်ထာါးတယ်’’ ဟု နီနီခင်ဇော်က ပြောသည်။

‘‘မျှော်လင့်ချက် တစ်စုံတစ် ရ’’ သီချင်းသည် ဇူလိုင်၅ရက် တွင် ထွက်ရှိမည့် နီနီခင်ဇော်၏ ပထမဆုံးတစ်ကိုယ်တော် ‘‘မာရီ ယို’’ ဒီဗီဒီခွေတွင် ပါဝင်မည်ဖြစ် ပြီး ယင်းသီချင်းသည် ရွှေအက်ဖ် အမ်က ချီးမြှင့်သော အကျော် ကြားဆုံးတေးသီချင်းဆုကိုလည်း ဆွတ်ခူးခဲ့သေးသည်။

မာရီယိုခွေတွင် ပါဝင်သော ‘‘လေယာဉ်ပျံ’’ သီချင်းကိုလည်း လေဆိပ်တွင် လေယာဉ်ဖြင့် ရိုက် ကူးခဲ့ပြီး ထိုကဲ့သို့ ရိုက်ကူးခွင့်ရရှိ ရန် တစ်နှစ်ကျော်ခန့်ကတည်းက သက်ဆိုင်ရာသို့ စာတင်၍ လုံခြုံ ရေးတင်းကျပ်သည့် ကြားက ရိုက်ကူးခွင့်ရအောင် ကြိုးစားခဲ့ရ ကြောင်း နီနီခင်ဇော်က ပြော သည်။

မာရီယိုဒီဗီဒီထွက်ရှိသည့် နေ့တွင် မန္တလေးမြို့ ဒိုင်းမွန်းပလာ ဇာနှင့် ဇူလိုင် ၆ ရက်တွင် ဒဂုံစင် တာ၌ ပရိုမိုးရှင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။


ယောဟန်(နည်းပညာမှတ်စု){ ဒီမှာ } သွားလိုက်ပါ



နွေဦးစွယ်တော်{ ဒီမှာ } သွားလိုက်ပါ
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment